Friday, January 13, 2012

အကောင်းဆုံးကိုမျှော်လင့်ခြင်း

အင်းစိန်ကျဆုံးသွားရသည့်သင်္ခန်းစာကိုချစ်စွာသောလူကြီးမင်း(KNU)မှ
လက်ရှိဦးဆောင်နေကြသောလူကြီးမင်းနှင့်(KNLA)စစ်ဦးစီးချုပ်၊တပ်ချုပ်
တပ်မှူးကြီးများအားသတိရ၊သတိချစေချင်ပါသည်။အင်းစိန်တုန်းကလည်း
ဒီလိုဘဲ၊သူတို့စစ်တပ်ဖက်နေ၀င်းကငြိမ်းချမ်းရေးစကားပြောမည်အကြောင်း
ပြပြီးဆွေးနွေးမှုဖြင့်အချိန်ကိုဆွဲယူကာ၊ယူဂိုစလားဗီးယားမှလက်နက်များကို
တင်သွင်းအင်အားဖြည့်ပြီးအယုံလွယ်ကြသောကရင်လူမျိုးတွေကိုပြန်ဆော်ခဲ့
တာတွေကိုမမေ့ကြပါနဲ့(မိုးကတော့မပြို၊ပြိုတော့လည်းအများပေါ့)ဆိုတာလို
တော့မဖြစ်ရင်တော့အကောင်းဆုံးပေါ့၊ရိုးသားတယ်၊မရိုးသားဘူး၊တရားတယ်
မတရားဘူးဆိုတသူတို့စစ်တပ်မှာမရှိဘူး၊သူတို့တွေဟာသေတောင်ငရဲမလားဘူးလို့တောင်ယုံကြည်ထားကြတဲ့လူတန်းစားတွေပါ။ကျွန်တော်တို့ကရင်တွေ
ရဲ့စိတ်ရင်းထဲမှာကတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာအိမ်နီးချင်းနိုင်ငံတွေ
နဲ့စာရင်အရန်းနှိမ့်ကျနေပြီးသူများနှင့်တန်းတူဖြစ်နိုင်ဖို့ရာတကယ်ဘဲလိုလားပြီး
ငြိမ်းချမ်းရေးကိုလည်းတကယ့်ကိုစေတနာစစ်မှန်စွာဖြင့်ဖေါ်ဆောင်လိုသည်မှာ
တကယ့်ကိုမြင်သာထင်သာပါဆိုတာကရင်တမျိုးသားလုံးသာမကတကမ္ဘာလုံး
ကပါအသိဖြစ်ပါတယ်၊ဒါ့ကြောင့်အခုလူကြီးမင်(ဖထီး)များလုပ်နေတဲ့သဘောတူညီမှုတွေကိုတော့လျှော့မတွက်ကြနဲ့ပေါ့၊အရင်တုန်းကလိုဘဲလက်နက်အပ်
ရင်အပ်၊မအပ်ရင်အပြတ်ရှင်းဖို့ရာလိုလားနေကြသောသူတို့ရဲ့ထိပ်ပိုင်းတပ်ချုပ်တချို့တွေ(လူနည်းစုပါ)ရှိနေသေးတယ်ဆိုတာကိုတော့မေ့မထားနဲ့ဦးပေါ့၊
ဒါကြောင့်သမတဦးသိန်းစိန်ဟာကျွန်တော်တို့ရဲ့ဧရာဝတီတိုင်းသားတစ်
ဦးဖြစ်သည့်အားလျော်စွာ၊ခေတ်မှီတိုးတက်သောမြန်မာပြည်ကြီးနှင့်တိုင်းရင်းသားပြည်သူပြည်သားအားလုံးတန်းတူညီတူစွာသာယာစိုပြေ၀ပြောသောလူ့ဘ၀ကြီးဖြစ်စေရန်အတွက်စိတ်ရင်းစေတနာအပြည့်အ၀ထားကာအကောင်းဆုံးလုပ်ဆောင်သွားနိုင်လိမ့်မယ်လို့အကောင်းဖက်မှအမြင်ဖြင့်မျှော်လင့်နေပါတယ်

No comments:

Post a Comment