ငြိမ်းချးမ်ရေးဖေါ်ဆောင်နေတဲ့ဖထီးတွေကိုကျွန်တော်သော်သီခိုမှ
(comment)ပေးဘူးပါတယ်၊အင်းစိန်ကျဆုံးရခြင်းကိုသတိရစေ
ခြင်ပါတယ်ဒီကောင်တွေဟာလက်ဦးရမှုကိုသူတို့အမြဲဘဲချောင်းနေ
ပါတယ်အဲ့ဒီတုန်းကလည်းတဖက်ကတွေ့ဆုံဆွေးနွေမှုကိုလုပ်တယ်
တချိန်ထည်းမှာဘဲယူဂိုစလားဗီးယားကလက်နက်တွေကိုသွင်းတယ်
အားလုံးပြည့်စွုတာနဲ့ကရင်တွေကိုပြန်ဆော်၊ကရင်တွေလည်းတောင်ပြေး
မြောက်ပြေးဖြစ်ပြီးယနေ့တိုင်ဘဲမို့လား..ဘေးထိုင်ပြီးဘုပြောနေတာတော့
မဟုတ်ပါရိုင်းရိုင်းပြောရရင်(တစ်တုံးစားမသိ၊နှစ်တုံးစားမသိ)ဆိုတာမျိုးဖြစ်
မှာစိုးလို့ပါ၊လူကြီးမင်ဖထီးတို့ရဲ့ကြီးမားသောအမျှော်မြင်နှင့်အရည်အခြင်းတွေ
ကိုစော်ကားတာတော့မဟုတ်ပါဘူး(If someone deceive me
once shame on him,but twice shame on me.)လိုလည်း
မဖြစ်စေခြင်ပါ၊သူတို့ပြောသလိုသူတို့ကတကယ့်ကိုစေတနာကောင်းဖြင့်လိုလို
လားလားအပစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးရယူလိုလျှင်အခုလိုစေ့စပ်ဆွေးနွေး
မှုပြုလုပ်နေချိန်မှာရှေ့တန်းကသူတို့ရဲ့တပ်တွေဆီကိုလက်နက်ရိက္ခာအလော
တကြီးအလျင်စလိုဖြည့်တင်းဖို့လိုသေးလား၊တကယ်တန်းဆိုကျွန်တော်တို့က
ရင်ပြည်နယ်အတွင်းရှိရှိသမျှသူတို့ရဲ့ကျူးကျော်တပ်တွေကိုပြန်ခေါ်၊ပြန်ဆုတ်သွားသင့်ပါတယ်၊ဒါမှသာကျွန်တော်တို့ရဲ့စစ်ပြေးကရင်တိုင်းသားများလဲ၎င်းတို့
နေရင်းကျေးရွာဒေသများသို့အေးခြမ်းစွာပြန်လည်လုပ်ကိုင်စားသောက်နိုင်ကြ
မည်မဟုတ်လား.အကယ်၍ဖထီးတို့အခုလုပ်နေတဲ့တွေ့ဆုံမှုဟာအခက်ခဲမှု
လေးများရှိနေရင်တော့ကြိတ်မိတ်ပြီးအတင်း(နသားပါယား)မလုပ်ဘဲ၊ဗိုလ်
ချုပ်ကြီးမြပြောသလိုတော်လှန်ရေးလုပ်တယ်ဆိုတာစစ်တိုက်ရဲရမယ်၊တိုက်ရင်
လည်းသေရဲရမယ်ဆိုတာလို..အချိန်တွေဆွဲပြီးရန်သူလက်ဦးမှုကိုမခံဘဲခင်
ဗျားတို့ရဲ့ကနဦးအစီစဉ်အရပြည်ထောင်စုတပ်မတော်ကိုအမြန်ဆုံးဖွဲ့ကြပါလို့
ဘေးကကြည့်ပြီးမချင့်မရဲဖြစ်နေကြရတဲ့ကျွန်တော်တိုကရင်လူမျိုးနှင်တိုင်း
ရင်းသားအားလုံးကမေတ္တာရပ်ခံချင်ပါတယ်...
No comments:
Post a Comment