Monday, January 30, 2012

ကိုယ့်လည်ကွင်းကိုယ်ကြိုးစွပ်

KNU,အဖွဲ့နှင့်မြန်မာအပစ်ရပ်ငြိမ်းအဖွဲ့တွေသဘေတူလက်မှတ်ရေးထိုးရာတွင်
KNU,တင်ပြလာသော(၁၁)ချက်ပါတောင်းဆိုချက်ကိုမီးရထားအောင်မင်းနှင့်အ
ဖွဲ့ဝင်တွေအားလုံးကသွားတွေထွက်နေအောင်သဘောတွေခွေ့နေကြတယ်လေ
ကရင်တစ်မျိုးသားလုံးအတွက်ဘာတခုမှ၊ထူးဆန်းတဲ့အရာမပါဘူး၊(၀)လူမျိုးတွေ
တောင်းဆိုတာကိုဖထီးလူကြီးမင်းတွေနမူနာမယူကြဘူး၊(၀)လက်နက်ကိုင်ရဲဘော်
တွေစားဝတ်နေရေးအတွက်မြန်မာငွေနှစ်စဉ်သန်းနှင့်ချီတောင်းတယ်၊ဆန်ဆိုရင်လဲ
ဆန်ကောင်းမှနော်(ငစိန်တို့၊ဧည့်မထ)တို့ဆိုရင်လက်မခံဘူးအနှိမ့်ဆုံးပုသိမ်ပေါ်ဆန်း
မွေးမှလက်ခံမှာ၊ဒါတွေအားလုံးကိုသိန်းစိန်အစိုးရကလိုက်လျောရတယ်မို့လား၊တကယ်
ပြောမယ်ဆိုရင်ဝတွေဟာဖထီးကြီးတို့နောက်မှပေါ်ပေါက်လာတဲ့အဖွဲ့ပါ၊လက်နက်ကိုင်
ခြင်းတူတူသူတို့ကိုသိန်းစိန်တို့ကဘာ့ကြောင့်ကြောက်ရတယ်ဆိုတာနမူနာယူသင့်ပါ
တယ်၊မီးရထားအောင်မင်းကဖထီးတို့ရဲဘော်တွေတောကြီးမြက်မဲထဲမှာနေလာခဲ့တာ
သနားတယ်ဆိုပြီးမှတ်ပုံတင်လုပ်ပေးမယ်တဲ့၊အဲတာခင်းဗျားတို့ကိုစပြီးကြိုးကွင်းတွေ
စွတ်နေပြီးဆိုတာကိုကောသဘောပေါက်ရဲ့လား၊ဒါမှသာတနိုင်ငံလုံးကိုလက်နက်မပါသွား
လာနိုင်မယ်တဲ့၊(အခုပဒိုမန်းငြိမ်းမောင်)ဘာလက်နက်မှမပါတဲ့အပြင်မြန်မာနိုင်ငံထဲမှာ
သွားနေတာလဲမဟုတ်တရုတ်ကဖမ်းပြီးပို့လိုက်တာကိုလဲသူတို့ကပေါက်ကရပုဒ်ထီးပုဒ်မ
တွေတပ်ပြီးတော့လဲဖမ်းတာဘဲမို့လား၊ကျွန်တော်တို့(KNU) အာဇာနည်ရဲဘော်လေးတွေ
ဟာသူတို့ထုတ်ပေးတဲ့မှတ်ပုံတင်ကိုင်ပြီးတနိုင်ငံလုံးမပြောနဲ့ဖားအံမြို့ထဲကိုသာသွားကြည့်
ဖမ်း..မဖမ်း၊ဖထီးကြီးများယုံကြသေးလား၊သူတို့တွေဟာဖထီးကြီးတို့ကိုမှတ်ပုံတင်လုပ်ပေး
မှတော့ခင်ဗျားတို့ရဲ့တပ်အင်အား၊ခင်ဗျားတိုရဲ့ထောက်လှန်းရေးယန္တရား၊နှင့်ခင်ဗျားတို့ရဲ့ခြေ
ကုတ်ဒေသအားလုံးဟာလယ်ပြင်မှာဆင်သွားသလိုဖြစ်မနေဘူးလား။
ကျွန်တော်ပြောလိုသည်ကခင်ဗျားတို့အခုတောင်းနေတဲ့အချက်မျိုး(၁၁)ချက်၊မပြော
နဲ့အချက်တစ်ထောင်တောင်းလဲသူတို့ကသဘောမတူနိုင်စရာအကြောင်းမရှိဘူး၊ဘာပြုလို့
လဲဆိုတော့၊ဖထီးလူကြီးမင်းများတောင်းဆိုတာတွေဟာ၊သူတို့ရဲ့စားပေါက်ဖြစ်တဲ့၊ကရင်ပြည်
အတွင်းနှောင်ဖွံ့ဖြိုးတိုးတက်ရရှိလာမည့်အကျိုးအမြတ်အားလုံးနှင့်စီမံကိန်းကြီးတွေအားလုံး
ကိုမထိခိုက်၊မပါတ်သက်၊မဆက်နွယ်နေလို့ပါဘဲ၊လက်ရှိယခုမျက်မြင်လတ်တလောမှာ၊အပစ်
ရပ်လက်မှတ်စထိုးရုံတင်ရှိသေး၊သူတို့တပ်တွေကိုရိက္ခာဖြည့်ဆည်းတယ်၊ဖားအံစက်မှုဇုံနှင့်
မြ၀တီစက်မှုဇုံကိုစတင်တက်သုတ်လုပ်ဆောင်တယ်ယိုးဒယားအစိုးရနှင့်လဲသဘောတူလက်
တွေထိုးကုန်ပြီးတချို့လုပ်ငန်းတွေကိုတောင်စတင်လုပ်ဆောင်နေကြတာကိုတောင်ဖထီးကြီး
တို့အမြင်ဘဲ၊သူတို့ကတော့အဲ့ဒီစက်မှုဇုံနဲ့စီးပွားရေးသမားတွေဆီကကရရှိလာမည့်အကျိုးအ
မြတ်ငွေကြေးတွေကိုသူတို့တွေအိပ်ထဲထည့်၊အစွန်းအဖျားနားတွေကိုတော့သူတို့ရှေ့တန်းက
ရဲဘော်လေးတွေအတွက်ရိက္ခာပေါ့၊နောက်ဆုံးတော့ဘယ်မှာလဲကရင်ပြည်ကကရင်လူမျိုး
တွေအတွက်၊အခုဖထီးလူကြီးမင်းများလုပ်နေသည်မှာ၊ကိုယ်လည်ပင်းကိုယ်ကြိုးကွင်းစွပ်၊အိပ်
ပေါ့က်နဲ့ဖားကောက်ကာအမှောင်ထဲစမ်းတ၀ါးဝါးလျှောက်သွားနေသလိုဖြစ်မနေဘူးလား။
အချုပ်ပြောရလျှင်ကျွန်တော်တို့ကရင်လူမျိုးတွေဟာသတ္တိကြောင်သောလူမျိုးများ
ဟုတ်လို့ပြောရင်ဖထီးတို့ကိုစော်ကားတာတော့မဟုတ်ရိုးပါ၊တစ်ချိန်ကလည်းဖထီးကြီးတို့လဲ
သတ္တိပြောင်ခဲံ့ကြသူတွေပါဆိုတာယုံကြည်ပါတယ်ဒါပေမဲ့ခေတ်တွေကပြောင်းကုန်ပြီးနော်၊သ
ဘာဝတရားကိုတော့လူတိုင်းဝန်ခံကြရမှာပါအကယ်၍များဖာထီးကြီးတို့က၊ကရင်တမျိုးသားလုံး
အတွက်လုပ်လာခဲ့ရသည်မှာမောလာပြီးပင်ပန်းလာပြီးဆိုရင်တော့ပွင့်လင်းကြပါ၊ပါးစပ်ကတော့
ကရင်အမျိုးများအတွက်ပါဆိုပြီးတချိန်လုံးအော်မနေနဲ့ပေါ့ဗျာ၊နောက်အမွေဆက်ခံမည့်သတ္တိ
ပြောင်မြောက်ပြီး၊ဖထီးကြီးတို့လိုဘဲစစ်ရေး၊နိုင်ငံရေးနှင့်နိုင်ငံတကာရေး၊ရှေ့ရေးနောက်ရေးစ
သည့်အတွ့အကြုံ၊ဗဟုသုတပြည့်ဝသောကရင်လူငယ်တွေထုနဲ့ဒင်ပါ၊သူတို့တွေကိုလဲအလှည့်
ကလေးပေးကြဦးမှပေါ့၊ကျွန်တော်ကဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်သားတစ်ယောက်ပါ။မြစ်ဝ
ကျွန်းပေါ်ဧရာဝတီတိုင်း(ရွှေလင်းယုံ၊မိုးဟိန်းစစ်ဆင်ရေး)နှင့်ကရင်ပြည်ကမာနယ်ပလောကို
မမေ့သင့်ပါ၊ကျွန်တော်တို့မြစ်ဝကျွန်းပေါ်ကိုဆော်တုန်းကလည်း၊တကယ့်စစ်သင်္ဘောကြီးဖြစ်
တဲ့ရန်တိုင်းအောင်၊ရန်လုံးအောင်နှင့်မြစ်ထဲဝင်နျိုင်တဲ့စစ်သဘောင်္တွေနဲ့ကိုဆော်ခဲ့တာ၊မာနယ်
ပလောမှာဆိုလဲစစ်လေယာဉ်တွေနဲ့ကိုဗုံးကြဲတိုက်ခိုက်ခံခဲ့ကြရတာကိုမမေ့စေချင်ပါ။
သူတို့တွေဟာသူတို့အကျိုးအမြတ်အတွက်၊တွက်ချေမကိုက်ဘူးဆိုရင်ဓါးပြတွေထက်
ဆိုးတယ်ဆိုတာသတိချစေချင်ပါသည်၊ဖြစ်နိုင်မယ်ဆိုရင်တော့ဖထီးကြီးတို့တကယ်တောင်းဆို
သင့်သည်က၊သူတို့ကာသာတကယ့်ကိုဘဲစစ်မှန်သောစိတ်ရင်းစေတနာရှိသူများဖြစ်ပါက၊ကရင်
ပြည်နှင့်ကရင်ပြည်ရယ်လို့သတ်မှတ်သောနယ်မြေအားလုံးပေါ်မှဗမာစစ်သားအားလုံးကိုပြန်ရုပ်
ဖို့တောင်းဆိုကြပါကရင်ပြည်အတွင်းလူမှုစီးပွါးဖွံဖြိုးရေးအတွက်၊ကရင်အစိုးရကသာလျှင်၊မြန်မာ
ပြည်ကြီးမှာဖယ်ဒရယ်ပြည်ထောင်စုကြီးပေါ်လာသည်အထိ။ဆက်လက်စီမံဆောင်ရွက်သွားရန်
နောက်ဆုံးအချက်ကတော့ကရင်တွေဟာလက်နက်ဘယ်တော့မှမစွန့်ဘူး၊ကိုယ်ပြည်နယ်နှင့်မြန်
မာပြည်တပြည်လုံးအတွက်ကိုယ့်လက်နက်ကိုဆက်လက်ကိုင်ဆွဲပြီးကာကွယစောင့်ရှောင့်သွား
မည်ဆိုတာကို၊မီးရထားအောင်မင်းအပါဝင်သိန်းစိန်ကိုပါအသိပေးတောင်းဆိုသွားကြပါ.

No comments:

Post a Comment