စစ်တပ်အရေခွံချွတ်၊လူဝတ်အကျီင်္ဝတ်တဲ့သိန်းစိန်အစိုးရဟာအင်မတန်မှအကြံ
ကြီးပြီးကောက်ကျစ်စဉ်းလဲမရိုးသားသောစိတ်ဓါတ်ဖြင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေကိုအစည်းပြေအောင်တစ်ဖွဲ့ချင်းစီစည်းရူံးသိမ်းသွင်း၊အပစ်ရပ်နှင့်ထာဝရငြိမ်းချမ်းရေးကိုစတင်အကောင်ထည်ဖေါ်ကြတယ်၊သူတို့အဖွဲ့တွေဟာတကယ့်ကိုဘဲစိတ်ရင်းစေတနာကောင်းသူများသဖွယ်အသံကောင်းတွေဟစ်နေကြပြီး၊သူတို့ရဲ့လက်ဦးရယူမှုကိုအကွက်ဆင်နေကြတယ်။သူတို့တွေရဲ့မှန်းချက်နဲ့နှမ်းထွက်ကိုက်မကိုက်ကိုတော့စောင့်ကြည့်ရသေး
တာပေါ့လေ၊
သူတို့တွေရဲ့လုပ်ဟာ(၃)နှစ်ကလေးကတောင်တွက်ကြည့်ရင်သိနိုင်ပါတယ်
သူတို့ကသာစေတနာအရင်းခံပြီးရိုးသာစစ်မှန်တဲ့လုပ်ရပ်မှန်မယ်ဆိုရင်၊လက်
ရှိတိုင်းရင်းသားဒေသအသီးသီးရှေ့တန်းတွေမှာရှိနေတဲ့၎င်းတို့ရဲ့တပ်တွေကို
အရင်ဆုံးပြန်ခေါ်သွားရဲရမှာပေါ့၊သူတို့တွေရဲ့အကြောင်းပြချက်ဖြစ်တဲ့တိုင်း
ပြည်လှုံခြုံရေးကစ္စကတော့လွယ်ပါတယ်၊အရှေ့နောက်တောင်မြောက်အိမ်နီး
ခြင်းနိုင်ငံတွေနှင့်ထိစပ်နေတဲ့ဒေသရဲ့လှုံခြုံမှုအတွက်ကတော့သူတို့အစိုးတွေ
အနေနဲ့ကတော့ပူစရာမလိုပါဘူးလက်ရှိလက်နက်ကိုင်တိုင်းရင်းသားတွေရဲ့
တာဝန်ပါ၊သူတို့တွေတကယ်တန်းစိတ်ရင်းစေတနာဖြင့်လုပ်ရမှာကတော့၊ဒေ
သအသီးသီးမှာရှိနေသောသူ၏တပ်တွေကိုပြည်မထဲသို့ပြန်ဆုတ်ခိုင်း၊ပြီးတာ
တိုင်းရင်းတော်လှန်ရေးအဖွဲ့အသီးသီးကိုတပြိုင်တည်းအားလုံးကလက်ခံနိုင်
သောအာမခံချက်ရှိသည့်နေရာတစ်ခုတွင်အချိန်ကိုသတ်မှတ်ကာတွေ့ဆုံညှိ
နှိုင်းလို့ရပါလျက်နှင့်သူတို့ကအခုလိုတစ်ဖွဲ့ခြင်းစီအချိန်ကိုဆွဲပြီးအကွက်ချနေတာကိုကြည့်ရင်၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းအသီး
သီးမှခေါင်းဆောင်ကြီးများကို(ငါးဆားလူး/ငဆလူ)ငတုန်း၊ဂတုံး။ပေါ်ထိပ်
ကွက်လို့ရတယ်ဆိုတဲ့၊လူတန်းစားတွေလို့သတ်မှတ်ရင်တော့၊လူကြီးမင်းသိန်း
စိန်အစိုးရတို့ရဲ့မဟာအမှားကြီးဘဲဆိုတာပြောပါရစေ။ကျွန်တော်ရှင်းရှင်းဘဲ
ပြောပါမယ်၊လူတိုင်းမှာစားတတ်တဲ့ပါးစပ်တွေပါကြပါတယ်၊ခင်ဗျားတို့အပါဝင်
အဲ့ဒီတော့စားတတ်ကြခြင်းအတူတူတော့မျှမျှတတညှိညှိနှိုင်းနှိုင်းဖြင့်အားလုံး
စိတ်ခြမ်းသာဖြစ်စေနိုင်မှုမျိုးအဖြေကိုရှာပြီးဆောင်ရွက်သွားရင်ဘုရားလည်း
ကြိုက်၊လူလည်းကြိုက်ကြမှာပါ၊ခင်ဗျားတို့အားလုံးနီးပါးဟာဗုဓ္ဒဘာသာဝင်သူ
တော်စင်တွေပါ၊(ဖြူစင်မွန်မြတ်သန့်ရှင်းသောစိတ်ဓါတ်မျိုးမွေးနိုင်ကြပါစေ)
ဤကဲ့သို့သောစိတ်ဓါတ်မျိုးဖြင့်တပြည်လုံးရဲ့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်သွား
နိုင်မယ်ဆိုရင်ဖြင့်၊နတ်လူသာဓုခေါ်နိုင်ပြီး၊ရာဇ၀င်မှာလည်းခင်ဗျားတို့ရဲ့လုပ်
ဆောင်ချက်တွေဟာထွန်ူးပြောင်နေရစ်ခဲ့မှာအသေခြာပါ...အမိမြန်မာပြည်
ကြီးဟာတစ်ဦးတစ်ယောက်ပိုင်ပစ္စည်းမဟုတ်ပါ၊ကျွန်တော်တို့အားလုံးဟာတစ်
မြေထဲနေတရေထဲသောက်ပြီးကြီးပြင်းလာကြသူချင်းတူတူချစ်ချစ်ခင်ခင်ပြေ
ပြေလည်လည်ဖြင့်ဘာပြုလို့မနေချင်ကြရတာလဲ၊ခင်ဗျားတို့အလိုချင်ဆုံးသော
အာဏာသည်တည်မြဲသောအရာမဟုတ်ဘဲ၊မေတ္တာသည်သာမြင့်မြတ်ပြီးထာဝရတည်တန့်ခိုင်မြဲသောအရာမှန်းသိလျှက်နှင့်ဘာ့ကြောင့်များခင်ဗျားတို့တဖွဲ့ထဲ
သာထာဝရဆုပ်ကိုင်ထားချင်ကြရတာလဲ။ကြွသွားကြသောခင်ဗျားတို့ရဲ့ပြည်
တွင်းပြည်ပမှ(စိတ်ဓါတ်တူ)မဟာမိတ်နောင်တော့်နောင်တော်တွေရဲ့စင်တော်
အဆင်းတွေဟာလှလှပပနှင့်ဆင်းသွားကြရတာကိုမြင်ရဘူးလို့လား..
ခင်ဗျားတို့တကယ်ဘဲငြိမ်းချမ်းရေးကိုစိတ်ရင်းစေတနာတွေဖြင့်လိုလား
တယ်ဆိုရင်တော့ဒေသအသီးသီးမှခင်ဗျားတိုတပ်ဆီကိုရိက္ခာတွေထပ်မဖြည့်စီး
ဘဲနောက်တန်းကိုအမြန်ပြန်ဆုတ်ခိုင်းပြီးငြိမ်းချမ်းရေးစားပွဲကိုခင်းမယ်ဆိုရင်
ဖြင့်(၃)နှစ်သာခလေးကအစယုံကြည်ပြီးလက်ခုတ်တီးပြီးထတောင်ကနေမှာ
သေခြာပါတယ်၊ဒီလိုသာမဟုတ်ဘဲ၊အရင်လိုသာကွေ့ကွေ့ကောက်ကော်ဆက်
သွားနေမယ်ဆိုရင်ဖြင့်၊ခင်ဗျားတို့မြှော်မှန်းထားတဲ့ပြည်နယ်အသီးသီးမှမဟာစီမံကိန်းကြီးတွေဖြစ်သောလျှပ်စစ်ဓါတ်အား၊သဘာဝရေနံဓါတ်ငွေ့ပိုက်လိုင်း၊ရေ
ကာတာ၊မြေပေါ်မြေအောက်သယံဇာတနှင့်စက်မှုဇုံတည်ဆောက်မှုတွေဟာ
ဘာဖြစ်သွားနိုင်သလဲဆိုတာစမ်းကြည့်ကြပေါ့ဗျာ၊ကျွန်တော်ပြောခဲ့သလိုပါဘဲ
(လူတိုင်းမှာစားတတ်ကြတဲ့ပါးစပ်တွေပါရှိတယ်)ဆိုတာကိုတော့သတိရှိကြပါ.
No comments:
Post a Comment