ငိမ်းချမ်းရေးဟာနှစ်ပေါင်း(၆၀)ကျော်လာပြီးရလာဒ်မှမရှိတဲ့ဥစ္စာမျှော်နေတုန်းဘဲလားကရင်တစ်မျိုးသားလုံးနှင့်တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးရရှိဘို့အတွက်အသက်ပေးတိုက်လာခဲ့ကြတာကျွန်တော်ဖခင်ကစပြီးကျွန်တော့်ဦးလေးနှစ်ယောက်အသက်ပေးလှူခဲ့ကြရပြီးယနေ့တိုင်ဘာဖြစ်လာလို့လဲကျွန်တော့်အဖေဆိုရင်ကရင်ဘမာပြသနာစမဖြစ်မှီ(Third Burma Rifle)တပ်မှအနားယူပြီးမြို့ပြနှင့်ကျေးရွာအေးခြမ်းရေးအတွက်နယ်ပြန်ပြီး
ဆောင်ရွက်စဉ်လူမျိုးစွဲစိတ်ပြင်းထန်သူ၊သူ၏ယုံကြည်ရသောသူတစ်ဦး၏လုပ်
ကြံမှုကိုခံခဲ့ရတယ်၊(အင်္ဂလိပ်တွေပြေးတုန်းကလည်းအ၈င်္လိပ်တွေနှင့်အတူအန္ဒီးယားကိုပါသွားတယ်၊ဂျပန်ကိုပြန်တိုက်တော့လည်းအင်္ဂလိပ်တွေနှင့်အတူပြန်
ဝင်တိုက်ခဲ့တယ်၊စစ်၏ဆိုးကြိုးကိုသူသိလို့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်လိုတယ်)ဦးလေးတစ်ယောက်ဆိုရင်(နေ၀င်းခေတ်)ဧရာဝတီတိုင်းရွှေလင်းယုံမိုးဟိန်းစစ်ဆင်ရေးမှာသွားပြန်ရောတစ်ယောက်၊နောက်ဆုံးတစ်ယောက်(KNU)မှာ
တာဝန်ထမ်းဆောင်ရင်းရန်ကုန်မှာဘဲနေ၀င်းထောက်လှန်းရေးတွေလက်ချက်
နဲ့လား(သို့)ရှောင်တိမ်းရင်းနဲ့ဘဲလားတော့မသိတော့ဘူးသွားပြန်ရောတစ်ယောက်၊သူတို့သုံးဦးဟာကရင်တစ်မျိုးသားလုံးနှင့်ငြိမ်းချမ်းရေးအတွက်ပါဝင်ခဲ့ကြိုး
စားခဲ့ကြသော်လည်းရလာဒ်ကဘာလဲ၊(အသက်စတေးခြင်းဘဲမဟုတ်လား?)
အခုလည်းကျန်ရှိနေသေးတဲ့တာဝန်ရှိနေသေးတဲ့ခင်ဗျားတို့အပေါ်မှာမူတည်ပါ
တယ်၊ဘယ်စစ်မှမကောင်းဘူးဆိုတာရယ်၊စစ်ဆိုတာငှက်ပျောသီးအခွံနွာစားရ
သလိုမလွယ်မှန်းသိသော်လည်း၊တစ်ဖက်စော်ကားလာတာကိုငုံ့ခံနေလို့မှမရတဲ့
ဥစ္စာကိုယ်ကပြန်တိုက်ရမှာပေါ့။ခုလည်းဘဲသူတို့ဖက်ကစတင်လို့စေ့စပ်ညှိနှိုင်း
ဘို့အတွက်ဖိတ်ခေါ်လာတာကိုတော့(50%50)သီအိုရီနည်းနဲ့တော့ကျင့်သုံး
သင့်ကကျင့်သုံးကြပေါ့၊နှစ်တွေလည်းညောင်းလို့လူတွေလည်းပြောင်းကုန်ကြ
ပြီးနောင်လာနောက်သားတွေအတွက်ထင်သာမြင်သာသောသမိုင်းမှတ်တမ်း)
တစ်ခုတော့တွင်ရစ်စေချင်ပါတယ်၊ကောင်း၏ဆိုး၏ပေါ့....
ဒါပေမဲ့တစ်ခုတော့ရှိတာကဒီပုဂ္ဂိုလ်တွေဟာ...စစ်သား..ဆိုတာ
ကိုတော့မမေ့နဲ့နော်၊အထူးသတိရှိပါစေ..စစ်သားဆိုတာ(ဂတိတည်တယ်မ
တည်ဘူး၊တရားတယ်၊မတရားဘူး)ဆိုတာသူတို့ဆီမှာမရှိဘူးနော်...ကျွန်တော့်အမြင်ပြောရရင်အခုသူတို့စီစဉ်တဲ့နေရာဒေသကိုသွားရောက်တွေ့ဆုံဆွေး
နွေးမျိုးမပြုဘဲကြားအိမ်နီးချင်းနိုင်ငံတခုတွင်း(သို့)ခင်ဗျားတို့ရဲ့နယ်ဂွင်ထဲမှာ
တွေ့ဆုံမှုမျိုးကိုပြုစေချင်ပါတယ်ဒါမှသာသူတို့က(KNU)တွေရဲ့အခြေနေမှန်ကို
မြင်တွေ့သိရှိသွားစေခြင်ပါသည်။အရင့်အရင်ကျွန်တော်တို့ကရင်ခေါင်းဆောင်
ကြီးတွေကိုဒီလိုဘဲအချိုတွေကြွေးပြီးရင်ဝကိုခြေဖနောက်နဲ့ဆောင့်ကန်ခံခဲ့ရတာတော့အမှတ်ရှိကြပါ။ကျွန်တော်ယုံကြည်ပါတယ်အခုလက်ရှိဦးဆောင်နေကြတဲ့ခင်ဗျားတိုအားလုံးဟာအရည်အချင်းအပြည့်အ၀ရှိပြီးစိတ်သဘောထားနှင့်
အမျှော်အမြင်ကြီးသူများဖြစ်ကြသည့်အပြင်အတွေ့အြံကုံရင့်ကျက်ပြီးသူများ
နှင်သတ္တိသွေးရဲရဲတောက်သူများဖြစ်ကြောင်းဆိုတာပါဘဲ....
နောက်ဆုံးကျွန်တော်ပြောချင်တာကတော့...တွေ့ဆုံလိုလို့ကတော့..တွေ့လိုက်ကြပေါ့..ညှိနှိုင်းလိုကတော့
..ဖလှယ်ကြပေါ့..ရလာဒ်မရှိတော့လည်း...အိမ်ပြန်ကြရုံဘဲပေါ့...
No comments:
Post a Comment