Tuesday, April 12, 2011

အေင်မြင်ကြပါစေ

ရှေးကလူကြီးတွေပြောတာကြားဘူးတယ်အများအတွက်လုပ်မယ်လို့ဆုံးဖြတ်ထားရင်တော့အနည်းနှင့်အများပြစ်တင်ပြောဆိုဝေဖန်ဆဲဆိုတိုက်ခိုက်များကိုတော့ရင်ဆိုင်ရမှာဆိုတာကြိုတင်သိထားကြရမှာဖြစ်သလိုခံနိုင်ရည်မှုလည်းရှိသင့်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်နိုင်ငံရေးသမားများသာမကသမတကိုယ်တိုင်ကပင်(မည်ကဲ့သို့သောပြစ်တင်ပြောဆိုဝေဖန်မှုမျိုးကိုမဆိုကြိုဆိုလက်ခံပြီး၊ကောင်းသောအရာဖြစ်တယ်လို့)ယူဆလက်ခံကြပါတယ်၊ဒါ့ကြောင့်မြန်မာနိုင်ငံမှမြန်မာပြည်သူပြည်သားများအတွက်အနစ်နာခံကိုယ်ကျိုးမဖက်ဒီမိုခရေစီရရှိရေးအတွက်တက်ကြွပြင်းပြစွာလုပ်ဆောင်နေကြသောနိုင်ငံရေးရင့်ကျက်ကြီးသမားတွေကိုအနှူးအညွှန့်အကြံပြုချင်သည်မှာ(စသခ)ဆိုသည့်စိတ်ရှည်ပါ၊သီးခံပါ၊ခွင့်လွတ်တတ်ကြပါလို့၊အကယ်၍များ(NCUB)အထွေထွေအတွင်းရေးမှူးဦးမောင်မောင်ပြောသလို(သို့သော် ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့အစည်းကိုတိုက်ခိုက်တာမျိုးကတော့ခွင့်လွှတ်ဖို့တော်တော်ခဲယဉ်းမယ်လို့ ပြောချင်ပါတယ်’’ဆိုရင်တော့ဘေးထွက်ထိုင်နေ
တာကပိုမကောင်းပေဘူးလား၊ပြောလက်စနဲ့ဘဲဆက်ပြောရဦး
မယ်(NCUB)မှပုဂ္ဂိုလ်ကြီးဦးညိုအုန်းမြင့်ထင်ပါတယ်သူ့ရဲ့facebook..ထဲကိုကျွန်တော်ကြည့်ဘူးတယ်ဘာရေးထားလဲဆိုတော့
ဘယ်နိုင်ငံဘယ်မြို့တွေကိုသွားပြီးဘာအစည်းအဝေးတွေကိုဘယ်လောက်ကြာကြာသွားထိုင်ရမယ်မသိ၊သူသိလိက်တာကတော့ခါးနာတာဘဲအဖတ်တင်တယ်တဲ့...ကျွန်တော်ကလည်းသဘောရိုးနဲ့ပါ(အားလုံးကစရိတ်ငြိမ်းဘဲဗျာညီးရသေးလား)လို့comment ပေးလိုက်ပါတယ်၊အရေးကောင်းလို့အဆဲခံရတယ်လေ၊သူ
ဘာပြန်ရေးလိုက်လဲဆိုတော့(၊ကျွန်တော်ကိုလူသားစာနာခြင်းတ
ရားကိုယ်ချင်းစာတရားမဲ့သူ)ဆိုပြီးပြန်ဆဲထားတဲ့အပြင်သူဟာလူ
သားထဲကလူသားတစ်ယောက်(robot,superman)မဟုတ်တဲ့
အကြောင်း၊ဒီလိုပြောကြေးဆိုရင်ရှေးယခင်ကနိုင်ငံအတွက်သွေးမြေကျခံပြီးအသက်ပါပေးဆပ်ခဲ့သွားကြသောတိုင်းချစ်ပြည်ချစ်ပု
ဂ္ဂိုလ်ကြီးများတွေကိုအားနာစရာတွေဖြစ်မနေဘူးလားအများအတွက်လုပ်မှတော့ခန္ဓာကိုယ်၏မဖြစ်စလောက်နာကျင်မှုမျိုးကို
တော့ခံနိုင်ရည်ရှိသင့်တယ်ပေါ့နှုတ်မှဖွင့်ဟအော်ဟစ်ညီးညူဖို့
လိုသေးလား၊အဲ့ဒီကစပြီး(NCUB)မှဦးညိုအုန်းမြင့်ဟာကျွန်တော့်
ကို(Facebook) မိတ်ဆွေစာရင်းမှပါယ်ဖျက်လက်ပါတယ်..စိတ်
မကောင်းစရာကတော့မိတ်ဆွေစာရင်းမှအပါယ်ဖျက်ခံရခြင်း
ကြောင့်မဟုတ်ပါ၊မြန်မာပြည်အတွက်ဒီမိုခရေစီရရှိရန်ရုန်းကန်
လှုတ်ရှားနေကြသောမြန်မာနိုင်ငံရေးသမားကြီးတချို့သည်(စိတ်
ရှည်ခြင်း၊သီးခံခြင်း၊အနစ်နာခံခွင့်လွတ်ခြင်းတရား)ကိုတိုးတိုးပြီး
ကျင့်သုံးသွားဖို့ရာအားနည်းနေသေးခြင်းကြောင့်ဖြစ်ပါတယ်...သတ္တ၀ါအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...